Diploma in Business (NCC Education, UK)

NCC Education ဟာ ဗြိတိန်အစိုးရမှ 1966 ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅၆) နှစ်ကျော် သက်တမ်းရှိ ဂုဏ်သိက္ခာကြီးမားသော UK ပညာရေးဆိုင်ရာ Awarding Body ကြီးတစ်ခုဖြစ်ပါတယ်။စတင်တည်ထောင်ချိန်မှ စပြီး ကမ္ဘာအနှံ့ နိုင်ငံပေါင်း (၅၀) ကျော်မှာ Partner Center ပေါင်း (၂၀၀) ကျော်ဖြင့် UK ပညာရေးကို ဖြန့်ကျက်သင်ကြားပေးနေသည့် ဂုဏ်သိက္ခာရှိ ပညာရေးအဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။ကမ္ဘာ့ထိပ်တန်း UK ပညာရှင်ကြီးများ၊ လုပ်ငန်းရှင်ကြီးများနှင့် လက်တွဲဆောင်ရွက်ကာ NCC Education ရဲ့ ပညာရေးအရည်အသွေးကို အစဉ်တိုးတက်ခေတ်မီအောင် ဆောင်ရွက်နေသည့်အတွက် လုပ်ငန်းရှင်များ ၊ အဆင့်မြင့် တက္ကသိုလ်များ၏ လိုအပ်ချက်များနဲ့ ကိုက်ညီပြီး ကျောင်းသားကျောင်းသူများရဲ့ အလုပ်အကိုင်ရရှိမှု၊ ဘွဲ့ရရှိမှုလမ်းကြောင်းမှာ များစွာ အထောက်အကူ ဖြစ်စေပါတယ်။

NCC Education ပညာရေးတွင် IT နှင့် စီးပွါးရေးဆိုင်ရာ ဒီပလိုမာ၊ အထူးပြုဒီပလိုမာ၊ ဒီဂရီများ နဲ့ ဘွဲ့လွန်ဒီဂရီများအထိ အရည်အချင်း အမျိုးမျိုးကို လေ့လာသင်ယူနိုင်ပါတယ်။NCC Education ဟာ အင်္ဂလန်နိုင်ငံရှိ Ofqual ( The Office of Qualifications and Examinations Regulation ) နှင့် Regulated Qualifications Framework ( RQF ) တို့၏ အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်လျက်ရှိပါတယ်။NCC Education ဟာ ပညာရေးဆိုင်ရာ အရည်အသွေးများကို အထူးအလေးထား စောင့်ကြည့်ကွပ်ကဲပြီး အရည်အချင်းပြည့်ဝတဲ့ ပညာတတ်များ ပေါ်ထွန်းလာစေဖို့ အစဉ်အမြဲ စောင့်ကြည့်နေတဲ့ ပညာရေးအဖွဲ့အစည်း ဖြစ်ပါတယ်။NCC Education ဟာ UK တွင် အဓိကရုံးစိုက်ပြီး မလေးရှား၊ တရုတ်၊ စင်ကာပူ၊ တောင်အာဖရိက တို့တွင်လည်း ရုံးခွဲများ ဖွင့်လှစ်ထားရှိပါတယ်။

NCC Education (UK) အကောင်းအသေးစိတ်လေ့လာရန် https://www.nccedu.com

ကျောင်းပြီးတဲ့အခါ အောင်မြင်တဲ့ စွန့်ဦးတီထွင် ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ချင်တဲ့ လူငယ်တွေနဲ့ စီးပွားရေး၊ စီမံခန့်ခွဲမှုတွေ လုပ်ရတာကိုမှ ဝါသနာပါတဲ့ လူငယ်တွေရဲ့ အနာဂတ်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ NCC Education (UK) မှ ပေးအပ်သော  Business Diploma သင်တန်းများကို Y-Max University တွင်လျှောက်ထား နိုင်ပါပြီ။

Diploma in Business (UK) Programme ဆိုတာဘာလဲ?

အင်္ဂလန်နိုင်ငံ၏ ပညာရေးစနစ်တွင် အကြီးမားဆုံးနှင့် ဂုဏ်သိက္ခာရှိသော NCC Education (UK) ပညာရေးအဖွဲ့အစည်းမှ တိုက်ရိုက် ပေးအပ်ချီးမြှင့်သည့် စီးပွားရေးဆိုင်ရာ ဒီပလိုမာ တစ်ခုဖြစ်ပြီး သင်တန်းပြီးဆုံးပါက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် (သို့မဟုတ်) Professional Employee တစ်ယောက်အဖြစ် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ 

Diploma in Business သင်တန်းကို Y-Max University တွင် (၂) နှစ်နီးပါး တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက NCC (UK) နှင့် ချိတ်ဆက်ထား သော UK အပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် (၁)နှစ် တက်ရောက်ပြီး B.Sc (Hons:) Computer Science ဘွဲ့ကိုရယူနိုင်သလို ပြည်တွင်း မှာလည်း ကုန်ကျစရိတ် သက်သာစွာဖြင့် Y-Max University (YMU) မှာပဲ UK ကဘွဲ့ကို တိုက်ရိုက်တက်ရောက် ရယူနိုင်ပါတယ်။

 ဒီ Programme ကိုဘယ်လိုလူတွေတက်ရောက်သင့်လဲ?

  • (၉) တန်း၊ (၁၀)တန်း (သို့မဟုတ်) IGCSE / GCE 'O' Level ဖြေဆိုထားသူများ
  •  ပညာရေး တစ်ပိုင်းတစ်စဖြင့် ဘွဲ့မရရှိသေးသူများ
  •  ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုသူများ
  •  စီးပွားရေးနှင့် စီမံခန့်ခွဲမှုအပိုင်းကို စိတ်ပါဝင်စားသူများ
  •  နိုင်ငံတကာအသိအမှတ်ပြုသော UK မှဘွဲ့ကို ရယူလိုသူများ
  •  နိုင်ငံခြားတွင် ကျောင်းဆက်တက်ရန် ပြင်ဆင်ထားသူများ တက်ရောက်သင့်ပါတယ်။

 

ဘွဲ့ရရှိဖို့အတွက်စုစုပေါင်းကြာချိန်ဘယ်လောက်လဲ?

  •  Level 3 Diploma in Business (L3DB) ( ၆လ)+
  •  Level 4 Diploma in Business (L4DB) (ပထမနှစ်)+
  •  Level 5 Diploma Business (L5DB) (ဒုတိယနှစ်)+
  •  UK Bachelor Degree (နောက်ဆုံးနှစ်)

ယခင်တုန်းက ပြည်ပမှာဈေးနှုန်းမြင့်မားစွာဖြင့် သွားရောက်ရယူခဲ့ရသော UK Diploma ဘွဲ့များကို ယခုအခါ ပြည်တွင်းရှိ Y-Max University တွင် ဈေးနှုန်းချိုသာစွာဖြင့် တက်ရောက်ပြီး နိုင်ငံတကာအသိအမှတ်ပြု UK ကဘွဲ့ကို ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ UK တွင် ကုန်ကျမည့် ကျောင်းစရိတ်ထက် အလွန်သက်သာသော ကျောင်းလခဖြင့် မြန်မာနိုင်ငံအတွင်းမှာပင် အိုးမကွာ အိမ်မကွာဖြင့် UK မှဘွဲ့ကို YMU တွင် တက်ရောက် ရယူနိုင်မှာ ဖြစ်ပါတယ်။ Y-Max University (YMU) သည် စည်းစနစ်ကျသော ကျောင်းစည်းကမ်းများနှင့် စာသင်ကြားရေးပိုင်းတွင် UK စံချိန်စံညွှန်းအတိုင်း ပြည့်မီမှုတို့ကြောင့် ကျောင်းသား/သူများ ၊ မိဘအုပ်ထိန်းသူများ၏ ယုံကြည်စွာ ရွေးချယ်မှုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် မိမိကြိုက်နှစ်သက်ရာ မေဂျာဘာသာရပ်များကို ရွေးချယ်ပြီး Y-Max University မှာ ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးကိုလည်း လစဉ် (အတိုးမဲ့) အရစ်ကျခွဲသွင်းလို့ ရတဲ့အတွက် UK ကဘွဲ့ကို မြန်မာနိုင်ငံအတွင်းမှာပဲ ဈေးနှုန်းသက်သက်သာသာနဲ့လေ့လာသင်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

Comments

Anonymous's picture
OKBet (not verified)

A very awesome blog post. We are really grateful for your blog post. You will find a lot of approaches after visiting your post.
horse racing betting games online

Wed, 07/12/2023 - 01:33
Anonymous's picture