Terms & Conditions

-    Undergraduate Program တွေအတွက် Y-Max University တွင် ကျောင်းအပ်ရန် Register လုပ်ပြီးသည်နဲ့ တက်ရောက်သော ကျောင်းသား/သူ များနှင့် မိဘ(သို့) အုပ်ထိန်းသူ တစ်ဦးဦးတို့သည် ကျောင်းမှ သတ်မှတ်ထားသော Contract စာချုပ် ကို ချုပ်ဆိုပေးရပါမည်။ 
-    ပေးချေရမည့် Payment Plan Option များထဲမှာ မိမိ ကြိုက်နှစ်သက်ရာ Payment Option ကို ရွေးချယ်နိုင်ပါသည်။  အကယ်၍ကျောင်းသားကျောင်းသူဘက်မှသတ်မှတ်ထားသော Payment Plan ထဲမှ Due Date ထက်ကျော်လွန်သွားပါက ကျောင်းက သတ်မှတ်ထားသော Penalties Fees ကို ကောက်ခံသွားပါမည်။
-    Online ပေါ်မှ သင်ကြားနေသော ကျောင်းသား/သူများ ဆိုလျှင် သက်ဆိုင်ရာ Payment Plan အတိုင်း ငွေ မသွင်းဘူး ဆိုလျှင်  သက်ဆိုင်ရာ သင်ခန်းစာများ ကို ဆက်လက်လေ့လာခွင့်ရှိမည်မဟုတ်ပါ။
-    ကျောင်းသူ/သားများဘက်မှ မည်သည့် Program ကို မဆို ကျောင်းအပ်ပြီး Fees သွင်းပြီးသည်နှင့် မည်သည့် အကြောင်းကိစ္စ ကြောင့် ဖြစ်စေ သွင်းထားပီးသား ငွေ ပြန်အမ်းပေးမည် မဟုတ်ပါ။
-    ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမအပ်မီ သက်ဆိုင်ရာ ပညာရေးအတိုင်ပင်ခံများထံတွင် ဘာသာရပ်အကြောင်းအရာများနှင့် ပတ်သက်ပြီး ကျေလည်နားလည်သည်အထိ ဆွေးနွေးမေးမြန်းတိုင်ပင် နိုင်ပါသည်။
-    အကယ်၍ ကျောင်းစရိတ်များအနေဖြင့် ပေးသွင်းရမည့်ပုံစံများကိုလည်း ကျောင်းမအပ်ခင် ကျေလည်စွာ နားလည်သိရှိထားရပါမည်။
-    ကျောင်းစရိတ်များမှာ Payment Plan များမှ သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပြီး တခြား Miscellaneous Fees များ မပါဝင်ပါ။
-    ကျောင်းတွင် တတ်‌ရောက်သော ကျောင်းသား/သူ များအနေနဲ့ ကျောင်းတွင် သတ်မှတ် ထားသော ကျောင်းစည်းကမ်း (၁၁) ချက်ကို သိရှိ လိုက်နာရမည်။
-    ကျောင်းမှ အခါအားလျော်စွာ တရားဝင် ထုတ်ပြန်သော စည်းမျဉ်း၊စည်းကမ်းများကိုလည်း လိုက်နာရပါမည်။