Privacy Policy

ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒ

ကျွန်ုပ်တို့ Y-Max University သည် လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များလုံခြုံမှုကို လွန်စွာတန်ဖိုးထားသည့် အားလျော်စွာ သတင်းအချက်အလက်များအားလုံးကိုအလေးအနက်ထား၍ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။

လူကြီးမင်း၏ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်များကို ကျွန်ုပ်တို့ Y-Max TechnologiesCo.,Ltdကကောက်ယူစုဆောင်:ပြီး ကျောင်းကိစ္စနဲ့ညီညွတ်သော အောက်ပါစည်းမျဉ်းဥပဒေများနှင့်အညီ ကျွန်ုပ်တို့က ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်သွားပါမည်။


ကျွန်ုပ်တို့၏ ပညာရေးဆိုင်သောဝန်ဆောင်မှုများအနက်မှ တစ်ရပ်ရပ်ကို လူကြီးမင်းက သဘောတူညီလက်ခံ ဝယ်ယူပါက၊ ယင်းကဲ့သို့သော သတင်းအချက်အလက်အမျိုးအစားများတွင် ပါဝင်နိုင်သည်မှာ-
၁.   လူကြီးမင်း၏အမည်၊ မှတ်ပုံတင်နံပါတ်/နိုင်ငံကူးလက်မှတ်အမှတ်၊ ဓာတ်ပုံ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်၊ ကျား/မ စသည့် အချက်များကို ကျွန်ုပ်တို့၏ ပညာရေး ဝန်ဆောင်မှု များအနက်မှ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို လက်ခံရရှိနိုင်ရန် လူကြီးမင်းက စာရင်းပေးသွင်း မှတ်ပုံတင်ခြင်းပြုရာ၌ လူကြီးမင်းက ကျွန်ုပ်တို့ကိုပေးသော အခြားသောသတင်း အချက်အလက်များ၊
၂.   ငွေပေးချေမှုဆိုင်ရာ သတင်းအချက်အလက်များအပြင် လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့ထံသို့ ပေးချေမှုပြုခဲ့သည့် ပမာဏ၊ နေ့ရက်နှင့် ပေးချေမှုပြုသည့်အချိန် အစရှိသော သတင်းအချက်အလက်များ၊း
၃.   ကျွန်ုပ်တို့နှင့်လူကြီးမင်း တို့၏ စာချုပ်အထောက်အထားများ/ မှတ်တမ်းများ၊ ပေးပို့သော အီးမေးလ်များ၊ လူကြီးမင်းမှ တောင်းဆိုသော မေတ္တာရပ်ခံတောင်းဆိုမှုဆိုင်ရာ သတင်းအချက်အလက်များ သို့မဟုတ် ကျွန်ုပ်တို့ကို လူကြီးမင်း ပေးအပ်လာသော မည်သည့်အကြံပြုချက်မဆို တို့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊
၄.   အကယ်၍ လူကြီးမင်းအနေဖြင့် အွန်လိုင်းအကောင့်တစ်ခုကို ပြုလုပ်လိုပါက လူကြီးမင်း၏အကောင့်အတွက် ထူးခြား စကားဝှက်တစ်ရပ်ကို ဖန်တီးပြုလုပ်ပေးနိုင်ရန် လူကြီးမင်း၏ အချို့သော ကိုယ်ရေး သတင်းအချက်အလက်တို့ကို ပေးအပ်ရန် ကျွန်ုပ်တို့က လူကြီးမင်းကိုတောင်းဆိုပါမည်။
၅.   ဤပညာရေးနဲ့ဆိုင်သော ဝန်ဆောင်မှုများက လူကြီးမင်း၏ မိသားစုဝင်များကဲ့သို့သော အခြားသူများကိုပါ လူကြီးမင်း၏ အကောင့်ကို သုံးစွဲခွင့်ပြုရန် အကယ်၍ လူကြီးမင်းက ရွေးချယ်မည်ဆိုပါက ဤပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များလုံခြုံမှု မူဝါဒကို ဖတ်ရှုထားရန် ၎င်းတို့အားလည်း ပြောကြားထားသင့်ပါသည်။

လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုဆိုင်ရာ အခွင့်အရေးများကို အောက်တွင်ဖော်ပြထားသည်ဖြစ်ပါသည်။

၁.   ကျွန်ုပ်တို့ ကိုင်တွယ်ထိန်းသိမ်းထားသော လူကြီးမင်း၏ သတင်းအချက်အလက်များကို လူကြီးမင်းက မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့၏ info@ymaxuniversity.edu.mm သို့ ဆက်သွယ်၍ မေတ္တာရပ်ခံတောင်းဆိုနိုင်ပါသည်၊ သို့တည်းမဟုတ် လူကြီးမင်း၏ အွန်လိုင်းအကောင့်မှတဆင့် တိုက်ရိုက်ဝင်ရောက်၍ သတင်းအချက်အလက်အများစုကို တိုက်ရိုက်ရရှိနိုင်ပါသည်။ လူကြီးမင်း၏ မေတ္တာရပ်ခံတောင်းဆိုချက်ကို ကျွန်ုပ်တို့ ပြန်ကြားခြင်းမပြုမီ လူကြီးမင်း မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ရန်အတွက် လုံခြုံရေးဆိုင်ရာ မေးခွန်းအချို့ကို ကျွန်ုပ်တို့က လူကြီးမင်းကို မေးမြန်း၍ မှန်ကန်ကြောင်း သက်သေထူ အတည်ပြုခြင်း လုပ်ငန်းစဉ်ကို ကျင့်သုံးဆောင်ရွက်ပါမည်။
၂.   သတင်းအချက်အလက်များနှင့်စပ်လျည်း၍ ပြင်ဆင်ရန် ကျွန်ုပ်တို့ကို ဆက်သွယ်၍ လူကြီးမင်းအနေဖြင့် မေတ္တာရပ်ခံနိုင်ပါသည်၊ သို့မဟုတ် လူကြီးမင်း၏ အွန်လိုင်းအကောင့်မှတဆင့် ဝင်ရောက်၍ ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များ နှင့် ဆက်စပ်နေသော ဘေလ်/ငွေတောင်းခံလွှာပေးပို့ရန်လိပ်စာနှင့် အီးမေးလ်လိပ်စာတို့ကို ပြင်ဆင်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့ကို ပေးအပ်သော သတင်းအချက်အလက်များ၏ မှန်ကန်မှု၊ တိကျသေချာမှု နှင့် ပြီးပြည့်စုံမှုရှိစေရေးကို သေချာစေရန်မှာ လူကြီးမင်း၏ တာဝန်ဖြစ်သည့်အပြင် လူကြီးမင်း၏ အွန်လိုင်အကောင့်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြည်းညီ ဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ထားရမည်။
၃.   ကျွန်ုပ်တို့၏ ပညာရေးဝန်ဆောင်မှုကို တတိယကြားခံအဖွဲ့များ၏ ဝန်ဆောင်မှုနှင့်ပေါင်းစပ် ဆောင်ရွက်ပေးသောအခါ၊ ကျွန်ုပ်တို့သည် တတိယကြားခံအဖွဲ့များ (ဥပမာ၊ Satellite Center များ) တို့နှင့်လည်း နီးကပ်စွာလုပ်ကိုင်ဆောင်ရွက်ရသောကြောင့် ၎င်းတို့ထံမှလည်း လူကြီးမင်း အကြောင်းသတင်းအချက်အလက်တို့ကို လက်ခံရရှိနိုင်ပါသည်။ ယင်းကဲ့သို့သော အခြားသော အရင်အမြစ်များမှ ရရှိသော သတင်းအချက်အလက်များနှင့် လူကြီးမင်းကိုယ်တိုင် ကျွန်ုပ်တို့ကိုပေးအပ်ထားသော သတင်းအချက်အလက်များကို ကျွန်ုပ်တို့က ရောနှောပေါင်းစပ်နိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် ဤ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုမူဝါဒ ပေါ်လစီနှင့် စပ်လျဉ်း၍ လူကြီးမင်းအနေဖြင့် မေးခွန်း၊ စိုးရိမ်မကင်းမှု သို့မဟုတ် တိုင်းတန်းလိုမှု တစ်စုံတစ်ရာရှိပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များလုံခြုံမှုအရာရှိကို www.ymaxuniversity.edu.mm မှ တဆင့်ဖြစ်စေ info@ymaxuniversity.edu.mm အီးမေးလ်ပေးပို့၍ ဖြစ်စေ YMU ရဲ့ Hotline Phone +95 9793354330 (ရုံးချိန်အတွင်းသာ) သို့ ခေါ်ဆို၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။