Page is Loading...

Lincoln University College, Malaysia

Lincoln University College

 

LUC သည် ၂၀၁၇ခုနှစ်တွင် မလေးရှားအဆင့်မြင့် ပညာရေး ဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့် ထားသော "5-Star 2017" Excellent Award ရ မလေးရှားနိုင်ငံ ကြယ်ငါးပွင့်အဆင့် တက္ကသိုလ်ကြီးဖြစ်ခြင်း၊

 

LUC မှ ဘာသာရပ်များသည် အရည်အသွေး ပြည့်ဝသည့်အပြင် ကျောင်းစရိတ်မှာလည်း မြန်မာ ကျောင်းသူကျောင်းသားများ အတွက်တခြားတက္ကသိုလ်များနှင့်နှိုင်းယှဉ်ပါက လွန်စွာ သင့်တင့်မျှတသော ကျောင်း စရိတ်ဖြစ်ခြင်း၊

 

မလေးရှားနိုင်ငံတွင် တက္ကသိုလ်ပေါင်း (၂၉၈) ခုရှိသည့်အနက် LUC အဆင့်သတ်မျတ်ချက်မှာ အဆင့်(၅၀) ရှိခြင်း၊

 

ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်မှာအဆင့်(၇၆၅၀) ရှိခြင်း၊

 

မလေးရှားနိုင်ငံတွင် အမှန်တကယ် University Campusကြီး (၂) ခုရှိခြင်း

 

မိမိကြိုက်နှစ်သက်သည့် နိုင်ငံများသို့ Credit Transfer ပြုလုပ်၍ ဆက်လက်တက်ရောက်နိုင်ခြင်း

 

မလေးရှားအစိုးရ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားကြောင်း ဘွဲ့လက်မှတ်တွင် ပါရှိထားခြင်း

 

မိမိ၏ ဘွဲ့လက်မှတ် စစ်/မစစ်ကို Verify လုပ်ရန်အတွက် Link နှင့် Cert No. ပါ ဘွဲ့လက်မှတ်တွင် ပါရှိထားခြင်း

Buckinghamshire New University

 

Buckinghamshire New University, UK သည်နှစ်ပေါင်း ( ၁၂၅ ) နှစ် သက်တမ်းရှိသော UK ၏ Public တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။

 

2020 Guardian National Ranking အရ အဆင့်သတ်မှတ်ချက် ( 120 ) အဆင့်ရှိသော တက္ကသိုလ်ကြီးဖြစ်သည့်အပြင် အင်္ဂလန် အစိုးရတက္ကသိုလ်ကြီးများတွင် စစ်ဆေးတိုင်းတာလေ့ရှိသော TEF ( Teaching Excellence and Student Outcome Framework ) စစ်ဆေးမှုအရ ငွေတံဆိပ်ဆုရ တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။

 

Reputation အရကြည့်မည်ဆိုလျှင်လည်း UK daily Telegraph 2013 စစ်တမ်းများအရ ထိပ်တန်း တီထွင်ဖန်တီးနိုင်မှုအကောင်းဆုံး UK တက္ကသိုလ် ( ၁၄ ) ခုစာရင်းဝင်ခဲ့ခြင်း၊ The Complete University Guide အရ အဆင့်သတ်မှတ်ချက် ( ၁၁၅ ) နေရာတွင်ရှိသော Creative University ကြီးအဖြစ် ကျော်စောခဲ့ပါသည်။

 

Buckinghamshire New University တွင် ကျောင်းသားကျောင်းသူပေါင်း တစ်သောင်းကျော်ပညာသင်ကြားလျှက်ရှိပြီး ခေတ်ရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်များအရ ဘာသာရပ်အသစ်၊အသစ်တွေပါ အမြဲတမ်းဆန်းသစ်တီထွင် သုတေသနပြုကာ သင်ကြားပို့ချပေးရာ တက္ကသိုလ်ကြီးတစ်ခုအဖြစ် နာမည်ကြီးပါသည်။

 

ယခု ၂၀၂၀ ခုနှစ်မှ စတင်ပြီး Y-Max College တွင် ပညာသင်ယူနေကြသော SQA-HND : Degree Pathway program ကျောင်းသားကျောင်းသူများ အနေဖြင့် နောက်ဆုံးနှစ် အတွက် UK degree program ကို Y-Max College မှာပင် ဘွဲ့ရသည်အထိ သင်ကြားပေးနိုင်တော့မှာ ဖြစ်ကြောင်း မျှော်လင့်စောင့်စားနေကြတဲ့ မိဘများနှင့် ကျောင်းသားကျောင်းသူများ အားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

 

ဒါ့အပြင် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခု ရထားပြီးသူများ တိုက်ရိုက်တက်ရောက်နိုင်မယ့် Backinghamshire New University ၏ International Master of Business Administration program ကိုလည်း ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

 

Y-Max College သည်ယခု Top up degree program များကို iQualifyuk Modern British Education အဖွဲ့အစည်းနှင့် ပူးပေါင်းချိတ်ဆက်ကာ ယင်းပညာရေးအဖွဲ့အစည်းမှတဆင့် Buckinghamshire New University degree များကို သင်ကြားပေးခြင်း ဖြစ်ပါသည်။

 

Backinghamshire New University ၏ BA(Hons) Bachelor Degree in Business Management- top up BBA (1) year program ကို SQA Advanced Diploma in Business ပြီးသူများ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။

 

အဆိုပါ Top up Degree program တစ်နှစ်အတန်းကို တက်ရောက်အောင်မြင်သူများသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ထ်တက္ကသိုလ်ကြီးထဲတွင် ပြုလုပ်ကျင်းပပေးမည့် Graduation Ceremony သို့ တက်ရောက်ပြီး BBA ဘွဲ့ကို ရယူနိုင်ပါသည်။