SQA

SQA

 

SQA ဆိုတာကတော့ ဂုဏ်သိက္ခာ ကြီးမားသောအင်္ဂလန်နိုင်ငံ စကော့တလန်ရှိပညာရေးအရည်အသွေး ကို စီစစ်သတ်မှတ် ပေးသည့် နှစ်(၁၀၀) ကျော် သက်တမ်းရှိတဲ့ အစိုးရအာဏာပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး UK အစိုးရ အသိအမှတ် ပြုတဲ့အပြင် နိုင်ငံတစ်ကာမှ တက္ကသိုလ်များရဲ့ တန်ဖိုးထား အသိအမှတ် ပြုခြင်းကို ခံရတဲ့ အဖွဲ့အစည် းတစ်ခုလည်း ဖြစ်ပါတယ်။

 

နှစ်ပေါင်း(၂၀) ကျော်အတွေ့အကြုံရှိတဲ့ Subject Expert ပညာရှင်တွေမှ ရေးဆွဲချမှတ်ထားတဲ့ သင်ရိုး ညွှန်းတန်းများ ဖြစ်သောကြောင့် အင်္ဂလန်နိုင်ငံ၏ ပညာရေး စံချိန် စံညွှန်းနဲ့ ကိုက်ညီတဲ့ UK အစိုးရရဲ့ တရားဝင် အသိအမှတ်ပြု Diploma တစ်ခု ဖြစ်ပါတယ်။

 

SQA (UK) ၏ HND Advanced Diploma များသည် အင်္ဂလန်နိုင်ငံ စကော့တလန် ပညာရေးတွင် Level 8 အဆင့်ဖြစ်သောကြောင့် UK တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်ဖြင့် ညီမျှပါတယ်။ HND ပြီးဆုံးပါက ပြည်တွင်း/ပြည်ပရှိ တက္ကသိုလ်ကြီးများတွင် Final Year (Top up) နောက်ဆုံးနှစ်ကို တိုက်ရိုက် တက်ရောက် နိုင်ပါတယ်။

 

SQA (UK) ကပေးတဲ့ HND Advanced Diploma တွေက World wide recognized ဖြစ်ပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြပါတယ်။ ဒါ့အပြင် SQA (UK) ရဲ့Qualifications တွေကို နိုင်ငံတကာရှိ တက္ကသိုလ်များ ၊ လုပ်ငန်းရှင်များ အားလုံးကလည်း အသိအမှတ် ပြုထားပါတယ်။