ဆယ်တန်းစာမေးပွဲကြီးကိုဝင်ရောက်ဖြေဆိုထားကြတဲ့ မြန်မာပြည်တစ်ဝှမ်းမှ ကျောင်းသားကျောင်းသူတွေ အားလုံးလည်း အောင်စာရင်း အတွက်ကြိုတင် ရင်ခုန် စိတ်လှုပ်ရှားနေကြမယ်လို့ ယုံကြည်ပါတယ်။ YMC အနေနဲ့ ဆယ်တန်းဖြေဆိုထားကြသူ လူငယ်များအားလုံးကို မိမိတို့ ရည်မှန်းထားကြတဲ့အတိုင်း ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန်အောင်မြင်ကြဖို့ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဆယ်တန်းအောင်ကျောင်းသားကျောင်းသူတွေအတွက် များမကြာမီ အချိန်အတွင်း YMC မှ ပညာသင်ဆုအစီအစဉ်တွေ၊ သြဂုတ်လကျောင်းဝင်ခွင့်လျှောက်ထားသူများအတွက် Early Bird Discount အစီအစဉ်တွေ ၊ အရည်အသွေးပြည့်ဝပြီး အနာဂတ်အာမခံချက်ရှိသော UK အစိုးရ အဆင့်မြင့်ပညာရေး ဘွဲ့ဒီဂရီ လမ်းကြောင်းတွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်လို့ YMC Facebook Page ကို see first ထားပြီး စောင့်ကြည့်ကြဖို့ ဖေဖေမေမေတို့နဲ့ ကျောင်းသားကျောင်းသူများ အားလုံးကို နှိုးဆော်တိုက်တွန်းလိုက်ပါရစေ။
Comments
Pages