MBA ကျောင်းသားကျောင်းသူ များ၏ Naypyidaw Innovation Trip

Saturday, February 15, 2020
Nay Pyi Taw

Y-Max College မှ MBA ကျောင်းသားကျောင်းသူ များ၏ Naypyidaw Innovation Trip ကို ဆရာကြီး Dr.San Tun မှ ဦးဆောင်ပြီး သွားရောက်လေ့လာ ခဲ့ကြပါတယ်။ MBA ကျောင်းသားကျောင်းသူများအနေဖြင့် လုပ်ငန်းခွင်အသီးသီးမှာ တာဝန်ထမ်းဆောင်ရင်း မိမိတို့ Career Development အတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရပ်တွေကို လုပ်ငန်းခွင်အားလပ်ရက်တွေမှာ အချိန်ပေးလာရောက်သင်ယူသူတွေ ဖြစ်သည်နှင့်အညီ သင်ခန်းစာများကိုလေ့လာရာမှာပဲဖြစ်ဖြစ်၊ အခုလို Innovation Trip များထွက်ရာတွင်ဖြစ်စေ အထူးပြောစရာ မလိုအောင် တက်တက်ကြွကြွ အကောင်းဆုံး သင်ယူနိုင်သည့် Mature Student Level များဖြစ်ကြပါတယ်။ ယခုနေပြည်တော် ခရီးစဉ်တွင် Y-Max College ၏ MBA ကျောင်းသားကျောင်းသူများအနေဖြင့် ပြည်သူ့ လွှတ်တော်သို့ သွားရောက်လေ့လာခြင်း၊ ဆာဖာရီ ဥယာဉ်သို့ လည်ပတ်ခြင်းနှင့် ဥပါန္တသန္တိ စတီတော်နှင့် နေပြည်တော်ဗုဒ္ဓဂါယာ ဘုရားသို့ ဖူးမြော်ကြည်ညိုခြင်း များဖြင့် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် သွားရောက်ခဲ့ကြပါတယ်။ အခုလို College Innovation Trip များသွားခြင်း အားဖြင့် ကျောင်းသားကျောင်းသူ အချင်းချင်းကြား Network ချိတ်ဆက်မှုကောင်းများရရှိခြင်း၊ ပေါင်းသင်း ဆက်ဆံရေးကောင်းများ တည်ဆောက်ပြီး ချစ်ချစ်ခင်ခင် ပိုမိုရှိလာခြင်း၊ မတူညီတဲ့ ကဏ္ဍတွေရဲ့ လုပ်ငန်းခွင် သဘောသဘာဝများကို လေ့လာနိုင်ခြင်း၊ တစ်ဦး တစ်ယောက်ချင်းအနေဖြင့် သွားရောက်လေ့လာရန် မလွယ်ကူသည့် နိုင်ငံ၏ အရေးပါတဲ့ လွှတ်တော် ခေါ်ယူကျင်းပမှုများကို မျက်မြင်ကိုယ်တွေ့လေ့လာ နိုင်ခြင်း၊ ဒေသန္တရဗဟုသုတနှင့် စိတ်လက်ပေါ့ပါးခြင်းစတဲ့ Group နဲ့ လေ့လာရေးခရီးသွားလာခြင်းရဲ့ အကျိုး ကျေးဇူးများကို ပိုမိုနားလည် သဘောပေါက် ရရှိလာကြပါတယ်။ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် လိုက်ပါကြသည့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများအားလုံး ခရီးစဉ်အတွင်း စိတ်အနှောက်အယှက် ၊အခက်အခဲ တစုံတရာ ရှိခဲ့ပါကလည်း အချင်းချင်း နားလည် ခွင့်လွှတ်ပေးကြဖို့ Y-Max Team အနေနှင့် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ နောင်လာမယ့် နှစ်တွေမှာလည်း ယခုထက် ပိုမိုကောင်းမွန်တဲ့ လေ့လာရေးခရီးစဉ်တွေကို အလျင်းသင့်သလို စီစဉ်ပေးမှာ ဖြစ်လို့ အကောင်းဆုံးဝန်ဆောင်မှုတွေ၊ နိုင်ငံတကာ အဆင့်မြင့်သင်ကြားရေးစနစ်တွေ တည်ရှိရာ Y-Max College ကြီးသို့ အရောက်လှမ်းလာပြီး လေ့လာကြည့်ဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

Comments

Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:52
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:53
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:25
Anonymous's picture