February လအတွက် Student of the Month ဆုကိုရရှိခဲ့သူကတော့ HND: Advanced Diploma in Computing (Batch-2) မှာ တက်ရောက်နေတဲ့ မောင်ကျော်ဇေထက်ပဲ ဖြစ်ပါတယ်။သူဟာ ကျောင်းစာအပိုင်း၊ လက်တွေ့သင်ကြားမှု အပိုင်းနှင့် Classroom Participation အပိုင်းတွေမှာ ထူးချွန်ရုံသာမကဘဲ တခြား Social Skills အပိုင်းများ ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ကောလိပ် Activities များတွင် ရှေ့ဆုံးမှ တက်တက်ကြွကြွ ဦးစီးဦးဆောင် ပါဝင်ဆောင်ရွက်တတ်မှု၊ ကိုယ်ကျရာနေရာမှ မညီးမငြူဘဲ အကောင်းဆုံး ပါဝင်ဆောင်ရွက်တဲ့ ကျောင်းသားတစ်ဦးအဖြစ် မှတ်တမ်းပြုခံရတဲ့ Y-Max College ရဲ့ စံပြကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အတန်းတွင်း Presentation များမှာ အကောင်းဆုံးပြင်ဆင်တင်ဆက်နိုင်မှု ၊ ကောလိပ်၏ ခရစ်စမတ်ပွဲ၊ ကထန်ပဒေသာပင်ပွဲ၊ ထမနဲထိုးပွဲ၊ Futsal ဘောလုံးပွဲ၊ CSR Activities ပွဲများတွင် ပူးပေါင်းပါဝင်မှုစတဲ့ အပိုင်းများမှာလည်း ထူးချွန်ကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် အခုလို February 2020 အတွက် Student of the Month ဆုကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Y-Max College မှာ ကျောင်းသားကျောင်းသူများ တစ်ဦးချင်းစီ၏ ပညာရည် တိုးတက် ထူးချွန်မှုများ၊ ပူးပေါင်းဆောင်ရွက်မှု နှင့် Communication and Social Skills ကောင်းမွန်လာမှု မှတ်တမ်းများကို မှတ်တမ်းပြုကာ Academic & Management Team မှ ယခုလို လစဉ် Student of the Month များကို ရွေးချယ်ကာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။Y-Max College ဟာ ကျောင်းသားကျောင်းသူ များကို စာသင်ကြားမှု အပိုင်းသာမက၊ တွေးခေါ် မြော်မြင်တတ်မှု၊ အားကစားစိတ်ဓာတ်ရှိပြီး မျှတသော life balance ကိုတည်ဆောက်တတ်မှု၊ ဇွဲရှိရှိနဲ့ ဘယ်အရာကိုမဆိုလွယ်လွယ်အရှုံးမပေးဘဲကြိုးစားအားထုတ်မှု စတာတွေအပြင် ကိုယ်ရည်ကိုယ်သွေးတိုးတက် ကောင်းမွန်ပြီး Social Skill ကောင်းမွန်သည့် လူချွန်လူကောင်းများ အဖြစ် ဘဝကိုဆက်လက် ရပ်တည်နိုင်အောင် ယခုလို ကောလိပ်ပညာသင် ကာလမှာပင် လေ့ကျင့်ပျိုးထောင်ပေးလျှက်ရှိပါတယ်။
Comments
3
3
3
3
3
3
3
3
3
3
3
3
3
Pages