Y-Max College ကျောင်းသင်္ကြန် ပွဲကြီး

Thursday, March 12, 2020
Yangon

Y-Max College ၏ ကျောင်းသင်္ကြန်ပွဲကြီး အခမ်းအနားကို ပြည်သူ့ရင်ပြင် ကာရာအိုကေ ကွင်းမှာ အောင်မြင်ပျော်ရွှင်စွာကျင်းပ ပြုလုပ်ခဲ့ပါတယ်။နိုင်ငံကျော်အဆိုတော်များဖြစ်သော ဂျင်းနီ၊ အေသင်ချိုဆွေနဲ့ ကေဟိန်းတို့က Y-Max College သင်္ကြန်ပွဲကြီးမှာ အမြူးကြွဆုံး ပါဝင်သီဆိုဖျော်ဖြေ ပေးခဲ့ကြပါတယ်။ DJ Harris Rays, DJ Donel, DJ Synth နဲ့ DJ Blaze တို့က မြူးမြူးကြွကြွ တီးခတ်ဖျော်ဖြေ ပေးခဲ့ကြပြီး Y-Max College ကျောင်းသင်္ကြန်ရဲ့ မမေ့နိုင်စရာ အမှတ်တရအချိန်ကာလတွေကို ဖန်တီးပေးခဲ့ကြပါတယ်။ အခုလို Y-Max College ကျောင်းသင်္ကြန်ပွဲကြီးမှာ လာရောက်ဖျော်ဖြေတင်ဆက်ပေးကြသော အနုပညာရှင်များနှင့် ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြတဲ့ ချစ်စွာသော ကျောင်းသားကျောင်းသူများ အားလုံးကို Y-Max မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။ ဒါ့အပြင် YMC လှပျိုဖြူလေးများရဲ့အတန်းအလိုက် သင်္ကြန်ယိမ်းအကအလှများ၊ ကျောင်းသားလေးများရဲ့  မြူးမြူးကြွကြွသင်္ကြန်တေးသီချင်းသီဆိုမှုများကို နားသောတဆင်ခဲ့ကြရင်း ကျောင်းသင်္ကြန်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ သင်္ကြန်ရဲ့ အငွေ့အသက်၊ မြန်မာတို့ရဲ့ ချစ်စရာဓလေ့တစ်ခု အနေနဲ့ မပါမဖြစ် စတုဒီသာတွေလည်း ကျွေးမွေးခဲ့ကြပါတယ်။ စတုဒီသာမုန့်မျိုးစုံစား၊ ရောင်စုံသင်္ကြန် ကာလာရောင်တွေနဲ့ပက်၊ သင်္ကြန်ရေလဲပက်၊ DJ တွေရဲ့ စည်းချက်မှာ ကခုန်ရင်း အပျော်ကြီး ပျော်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေ Team Y-Max အဖွဲ့သားတွေရဲ့ ပျော်ရွှင်မှုတွေကို ကြည့်ရှုရင်း .... မကြာမီ ကျရောက်တော့မယ့် မြန်မာနှစ်ကူး အခါသမယမှာ မြန်မာပြည်သူပြည်သားများ အားလုံး ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေကြောင်း Y-Max မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
 

Comments

Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 03:51
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
Smith (not verified)

3

Fri, 12/18/2020 - 05:22
Anonymous's picture
OKBet (not verified)

Your work is very good and I appreciate you and hopping for some more informative posts. Thank you for sharing great information to us.
online casino games

Tue, 10/24/2023 - 04:29
Anonymous's picture