Y-Max College သည် ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် လည်းကောင်း၊ COVID -19 ကာကွယ်ရေးအစီအစဉ်အနေဖြင့် လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာကာ ၂၀၂၀ မတ်လမှ စတင်ပြီး face to face သင်ကြားခြင်း အစီအစဉ်များကို ခေတ္တရပ်နားကာ ပိတ်ထားခဲ့ပါသည်။ယခုအချိန်တွင် ကျောင်းသားကျောင်းသူများ၏ သင်ကြားရေးများနှောင့်နှေးမှု မဖြစ်စေရေးနှင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆက်လက်ပညာသင်ယူနိုင်ရေးတို့ကို Y-Max အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု အဖွဲ့ မှ အင်တိုက်အားတိုက် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဇူလိုင်လ (၁၀)ရက်နေ့တွင် -
(၁) ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များ
(၂) ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ
(၃) ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဌာနမှ တာဝန်ရှိသူများ
(၄) တိုင်းအဆင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင့်
(၅) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မှ
Y-Max College Campus သို့ ကွင်းဆင်း လာရောက်စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်ပေးခဲ့ပါသည်။ Y-Max College တွင် ကျောင်းများပြန်လည်ဖွင့်လှစ်သည်နှင့် ဝန်ထမ်းတိုင်း၊ကျောင်းသားကျောင်းသူတိုင်း အတွက် မတပ်မနေရ Mask များ၊ Face-Shield များစီစဉ်ထားခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် အဝတွင် လက်ဆေးကန်များ အလုံအလောက် စီစဉ်ထားရှိပေးထားခြင်း၊ ကျောင်းသို့ လာရောက်သောသူမှန်သမျှကို အပူချိန် တိုင်းတာခြင်း၊ Hand Sanitizer များအသုံးပြုစေခြင်း၊ Reception ကောင်တာများ တွင် အကာအကွယ် များပြင်ဆင်ထားရှိခြင်း၊ အခန်းများအားလုံးကို ပိုးသတ်ဆေးများဖြန်းခြင်း၊ သန့်စင်ခန်းများ၊နားနေခန်းများကို သန့်ရှင်းစွာထားခြင်း၊ Social Distancing အစီအစဉ်အရ စာသင်ခန်းများကို Morning Shift နှင့် Evening Shift များခွဲခြားသင်ကြားရန် စီစဉ်ထားခြင်း၊ ကျောင်းသို့ လာရောက်သောသူတိုင်းကို ကျန်းမာရေးဆိုင်ရာနှင့် personal အချက်အလက်များကို Software ဖြင့် daily record ရယူခြင်း၊ လိုအပ်သည့် ရောဂါကာကွယ်ရေး လမ်းညွှန်သည့် ဆိုင်းဘုတ်၊Vinyl နှင့် poster များ စီစဉ်ထားရှိပါသည်။ တာဝန်ရှိသူများမှ လိုအပ်သည်များကို Y-Max အုပ်ချုပ်ရေးအဖွဲ့ဝင်များအား မှာကြားခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ပေးခဲ့ပါသည်။
Y-Max ဟာ ကျောင်းသားကျောင်းသူတိုင်းရဲ့ ကျန်းမာရေး၊ပညာရေးနှင့် လူမှုဆက်ဆံရေးပါ တိုးတက်လာအောင် အမြဲအစဉ်တစိုက် အားထုတ်ကြိုးပမ်းဆောင်ရွက်နေသော ပညာရေးရပ်ဝန်းကြီးတစ်ခု ဖြစ်သည်နှင့်အညီ မကြာခင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ဖို့ အဆင်သင့် စီစဉ်ဆောင်ရွက်ထားပါကြောင်း လေးစားရသော ကျောင်းသားမိဘများနှင့် ချစ်စွာသော ကျောင်းသားလူငယ်များအားလုံးကို အသိပေးအပ်ပါသည်။
Comments
3
3
3
3
3
3
3
3
3
3
3
3
3