Page is Loading...

University of Central Lancashire - UCLAN , UK

Buckinghamshire New University

 

Buckinghamshire New University, UK သည်နှစ်ပေါင်း ( ၁၂၅ ) နှစ် သက်တမ်းရှိသော UK ၏ Public တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။

 

2020 Guardian National Ranking အရ အဆင့်သတ်မှတ်ချက် ( 120 ) အဆင့်ရှိသော တက္ကသိုလ်ကြီးဖြစ်သည့်အပြင် အင်္ဂလန် အစိုးရတက္ကသိုလ်ကြီးများတွင် စစ်ဆေးတိုင်းတာလေ့ရှိသော TEF ( Teaching Excellence and Student Outcome Framework ) စစ်ဆေးမှုအရ ငွေတံဆိပ်ဆုရ တက္ကသိုလ်ကြီးတစ်ခုလည်း ဖြစ်ပါသည်။

 

Reputation အရကြည့်မည်ဆိုလျှင်လည်း UK daily Telegraph 2013 စစ်တမ်းများအရ ထိပ်တန်း တီထွင်ဖန်တီးနိုင်မှုအကောင်းဆုံး UK တက္ကသိုလ် ( ၁၄ ) ခုစာရင်းဝင်ခဲ့ခြင်း၊ The Complete University Guide အရ အဆင့်သတ်မှတ်ချက် ( ၁၁၅ ) နေရာတွင်ရှိသော Creative University ကြီးအဖြစ် ကျော်စောခဲ့ပါသည်။

 

Buckinghamshire New University တွင် ကျောင်းသားကျောင်းသူပေါင်း တစ်သောင်းကျော်ပညာသင်ကြားလျှက်ရှိပြီး ခေတ်ရဲ့ ပြောင်းလဲနေတဲ့ လိုအပ်ချက်များအရ ဘာသာရပ်အသစ်၊အသစ်တွေပါ အမြဲတမ်းဆန်းသစ်တီထွင် သုတေသနပြုကာ သင်ကြားပို့ချပေးရာ တက္ကသိုလ်ကြီးတစ်ခုအဖြစ် နာမည်ကြီးပါသည်။

 

ယခု ၂၀၂၀ ခုနှစ်မှ စတင်ပြီး Y-Max College တွင် ပညာသင်ယူနေကြသော SQA-HND : Degree Pathway program ကျောင်းသားကျောင်းသူများ အနေဖြင့် နောက်ဆုံးနှစ် အတွက် UK degree program ကို Y-Max College မှာပင် ဘွဲ့ရသည်အထိ သင်ကြားပေးနိုင်တော့မှာ ဖြစ်ကြောင်း မျှော်လင့်စောင့်စားနေကြတဲ့ မိဘများနှင့် ကျောင်းသားကျောင်းသူများ အားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

 

ဒါ့အပြင် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခုခု ရထားပြီးသူများ တိုက်ရိုက်တက်ရောက်နိုင်မယ့် Backinghamshire New University ၏ International Master of Business Administration program ကိုလည်း ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။

 

Y-Max College သည်ယခု Top up degree program များကို iQualifyuk Modern British Education အဖွဲ့အစည်းနှင့် ပူးပေါင်းချိတ်ဆက်ကာ ယင်းပညာရေးအဖွဲ့အစည်းမှတဆင့် Buckinghamshire New University degree များကို သင်ကြားပေးခြင်း ဖြစ်ပါသည်။

 

Backinghamshire New University ၏ BA(Hons) Bachelor Degree in Business Management- top up BBA (1) year program ကို SQA Advanced Diploma in Business ပြီးသူများ တိုက်ရိုက်တက်ရောက်နိုင်ပါသည်။

 

အဆိုပါ Top up Degree program တစ်နှစ်အတန်းကို တက်ရောက်အောင်မြင်သူများသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ထ်တက္ကသိုလ်ကြီးထဲတွင် ပြုလုပ်ကျင်းပပေးမည့် Graduation Ceremony သို့ တက်ရောက်ပြီး BBA ဘွဲ့ကို ရယူနိုင်ပါသည်။

University of Central Lancashire

 

UCLAN ဆိုတာ UK ၏ အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး နှစ်ပေါင်း ( ၁၉၀ ) ကျော်သက်တမ်းရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။

 

နိုင်ငံပေါင်း ( ၁၀၀ ) ကျော်မှ ကျောင်းသားကျောင်းသူများနှင့် သုတေသနပညာရှင်များ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ကြီးဖြစ်ပြီး နိုင်ငံတကာအသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ကောလိပ်ပေါင်း ( ၁၂၅ ) ကျောင်းဖြင့် ချိတ်ဆက်ကာ ပညာများဖြန့်ဝေပို့ချပေးလျှက်ရှိပါသည်။

 

UCLAN သည် တရုတ်နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များနှင့် ပူးပေါင်း၍ China’s Shenzhen Virtual University Park တွင် Nanotechnology နည်းပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။

 

Guardian National Ranking 2020 အရ အဆင့်သတ်မှတ်ချက် ( 76 ) တွင်ရပ်တည်နေသော တက္ကသိုလ်ကြီးဖြစ်ပြီး The Times Higher Education World University Rankings 2020 အရ ထိပ်တန်းကမ႓ာ့တက္ကသိုလ် ( 800 ) တွင် ပါဝင်သော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။

 

UCLAN ၏သုတေသနလုပ်ငန်းစဉ်များတွင် NASA ရဲ့ Solar Dynamics project ၊ ကျန်းမာရေးဌာနရဲ့ Stroke Research ၊ ဘောလုံးအဖွဲ့ချုပ်၊ Professional Golfers Association နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီတို့ရဲ့ Digital Media Project များ၊ Sport and exercise science research တို့ပါဝင်ပါသည်။ UK အစိုးရရဲ့ 2014 ခုနှစ် စစ်တမ်းအရ ကမ႓ာ့ထိပ်တန်းသုတေသနများတွင် UCLAN မှ ဘာသာရပ် ( ၁၆ ) ခုရဲ့ သုတေသနများ ပါဝင်ပါသည်။

 

ယခု Top-Up degree program ကို IT skills နှင့် Business skills နှစ်ခုလုံးရအောင် ပေါင်းစပ်ရေးဆွဲထားသည့် Final year degree ဖြစ်သည့်အတွက် ယင်းဘွဲ့ရများအနေဖြင့် IT နယ်ပယ် မှာဖြစ်စေ၊ နည်းပညာအခြေပြုစီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်မှာဖြစ်စေ လုပ်ငန်းခွင်ဝင်ရောက်နိုင်ပါသည်။

 

Top-Up degree ကို Y-Max College တွင်သင်ကြားတက်ရောက်ပြီးအောင်မြင်သူတိုင်း UK ရှိ Preston Guild Hall တွင်နှစ်စဉ်ပြုလုပ်သည့် Graduation Ceremony ကို တက်ရောက်နိုင်ပါသည်။