University of Central Lancashire

 

UCLAN ဆိုတာ UK ၏ အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး နှစ်ပေါင်း ( ၁၉၀ ) ကျော်သက်တမ်းရှိသော တက္ကသိုလ်ကြီးတစ်ခုဖြစ်ပါသည်။

 

နိုင်ငံပေါင်း ( ၁၀၀ ) ကျော်မှ ကျောင်းသားကျောင်းသူများနှင့် သုတေသနပညာရှင်များ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ကြီးဖြစ်ပြီး နိုင်ငံတကာအသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ကောလိပ်ပေါင်း ( ၁၂၅ ) ကျောင်းဖြင့် ချိတ်ဆက်ကာ ပညာများဖြန့်ဝေပို့ချပေးလျှက်ရှိပါသည်။

 

UCLAN သည် တရုတ်နိုင်ငံရှိထိပ်တန်းတက္ကသိုလ်များနှင့် ပူးပေါင်း၍ China’s Shenzhen Virtual University Park တွင် Nanotechnology နည်းပညာနှင့်ပတ်သက်သော သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေသော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။

 

Guardian National Ranking 2020 အရ အဆင့်သတ်မှတ်ချက် ( 76 ) တွင်ရပ်တည်နေသော တက္ကသိုလ်ကြီးဖြစ်ပြီး The Times Higher Education World University Rankings 2020 အရ ထိပ်တန်းကမ႓ာ့တက္ကသိုလ် ( 800 ) တွင် ပါဝင်သော တက္ကသိုလ်ကြီးလည်း ဖြစ်ပါသည်။

 

UCLAN ၏သုတေသနလုပ်ငန်းစဉ်များတွင် NASA ရဲ့ Solar Dynamics project ၊ ကျန်းမာရေးဌာနရဲ့ Stroke Research ၊ ဘောလုံးအဖွဲ့ချုပ်၊ Professional Golfers Association နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီတို့ရဲ့ Digital Media Project များ၊ Sport and exercise science research တို့ပါဝင်ပါသည်။ UK အစိုးရရဲ့ 2014 ခုနှစ် စစ်တမ်းအရ ကမ႓ာ့ထိပ်တန်းသုတေသနများတွင် UCLAN မှ ဘာသာရပ် ( ၁၆ ) ခုရဲ့ သုတေသနများ ပါဝင်ပါသည်။

 

ယခု Top-Up degree program ကို IT skills နှင့် Business skills နှစ်ခုလုံးရအောင် ပေါင်းစပ်ရေးဆွဲထားသည့် Final year degree ဖြစ်သည့်အတွက် ယင်းဘွဲ့ရများအနေဖြင့် IT နယ်ပယ် မှာဖြစ်စေ၊ နည်းပညာအခြေပြုစီးပွားရေးစီမံခန့်ခွဲမှုနယ်ပယ်မှာဖြစ်စေ လုပ်ငန်းခွင်ဝင်ရောက်နိုင်ပါသည်။

 

Top-Up degree ကို Y-Max College တွင်သင်ကြားတက်ရောက်ပြီးအောင်မြင်သူတိုင်း UK ရှိ Preston Guild Hall တွင်နှစ်စဉ်ပြုလုပ်သည့် Graduation Ceremony ကို တက်ရောက်နိုင်ပါသည်။